ကျောက်ဆည်မြို့နယ်၌  ဇော်ဂျီဆည်ရေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နွေပဲတီစိမ်း(၆၈၀၄)ဧက စိုက်ပျိုး သွားမည်ဖြစ်

ကျောက်ဆည် ဖေဖော်ဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နွေပဲတီစိမ်း (၆၈၀၄) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရ သည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် နွေပဲတီစိမ်းစိုက်ဧကများကို ဇော်ဂျီဆည်ရေသောက်စနစ်မှ မင်းရဲ မြောင်းရေဖြင့် (၁၂၃)ဧက၊ သင်းတွဲမြောင်းရေဖြင့် (၂၆၁၅)ဧက၊ ငပြောင်မြောင်းရေဖြင့်(၄၆၅)ဧက၊ နွားတက် မြောင်းရေဖြင့် (၃၂၈၇)ဧက၊ တမုတ်မြောင်းရေဖြင့် (၃၁၄)ဧက၊ စုစုပေါင်း (၆၈၀၄)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။  

ထိုသို့စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ပဲတီစိမ်းစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းစေရေး စိုက်ခင်းများသို့ကွင်းဆင်းပြီး နည်းပညာလိုအပ်ချက်များ အကူအညီပေးသွားမည် ဖြစ်ပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ လုံလောက်စွာ ပေးဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)