အခြေခံပညာ အထက်တန်းကျောင်းများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ပြုလုပ်ပေး

ဇေယျာသီရိ ဖေဖော်ဝါရီ ၂၀

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အဖွဲ့(၂)ဖွဲ့ခွဲ၍ ကျောက်ချက်‌‌ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် ပြည်စံ‌အောင် ရပ်ကွက် အခြေခံပညာအထက် တန်းကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးစန်းလွင်က လာရောက် ဆောင်ရွက်သည့် ကျောင်းသား/ကျောင်းသူ ကလေးငယ်များအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသည် “ပန်းခင်း” စီမံချက်ဖြင့် ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရခြင်း ရည်ရွယ်ချက်၊ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်း (၄)မျိုး၊ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ရခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ မိမိဌာနမှ ပြည်သူများအတွက် “လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ စီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်တာ‌ကြောင့် ယခုလိုမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်းများကို စတင်ကွင်းဆင်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း  ရှင်းလင်း ပြောကြားခဲ့ပြီး ဦးစီးအရာရှိ  ဦးစန်းလွင်က မိမိဌာနမှ ကွင်းဆင်းဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

ဇေယျာသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိ မြို့နယ်ဦးစီးမှူးရုံးမှ ကျောက်ချက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ(၁၁၇)ဦး၊ ပြည်စံအောင်ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းမှ (၁၁၃)ဦး စုစုပေါင်း (၂၃၀) တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ် ဆောင်ရွက်လိုပါက  ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့်ချိတ်ဆက်ပြီး မြို့နယ်ရုံးသို့ လာရောက် ပြုလုပ်နိုင်ကြောင်း ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)