အမှတ်(၇)ရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

မိုင်းယောင်း  ဖေဖော်ဝါရီ  ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် အမှတ်(၇)ရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း စာသင်ဆောင်သစ်အား တည်ဆောက်လျက်ရှိရာ ယနေ့တွင် မြို့နယ် ပညာရေးမှူး ဒေါ်နန်းမြင့်သိန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါစာသင်ဆောင်သည် အခန်း ရှစ်ခန်းပါ RCC နှစ်ထပ် အမျိုးအစားဖြစ်ပြီး အလျားပေ ၉၀၊ အနံပေ ၃၀ အကျယ်ရှိကာ ခွင့်ပြုရန်ပုံငွေ ကျပ် ၇၀ ဒသမ ၂၀၀ သန်းဖြင့် Royal Mong Yawng Co.,Ltd မှ တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း