ပုဗ္ဗသီရိမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်

ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၀

ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံအနှံ့အပြားတွင် ကူးစက်မှုမြှင့်မားလာခြင်းကြောင့် နေပြည်တော်၊   ပုဗ္ဗသီရိမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့ များစုပေါင်း၍  Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျည်တောင်ကန် ဈေးအတွင်း၌ ပြုလုပ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

Mask Campaign ပြုလုပ်မှုတွင် ပုဗ္ဗသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင်ဗိုလ်မှူး သန်းနိုင်ကျော်၊ အဖွဲ့ဝင် ဦးသန်းငွေ၊ ကျည်တောင်ကန်ရဲစခန်းမှ ဒုရဲအုပ်ဇော်မြင့်နိုင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအဆင့်(၁) ဒေါ်ဝေဝေလွင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ဈေးအတွင်းနှင့် လမ်းမပေါ်သွားလာနေသည့် ပြည်သူများကို နှာခေါင်းစည်း(Mask) ၁၀၀၀ ခု ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး တေးသီချင်းများ စျေးအတွင်း လှည့်လည်ဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)