ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ကျောက်ဆည် ဖေဖော်ဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာသတိုးနွယ် ရေးသားသည့် အရှုံးကို မကြောက်ပါနဲ့ နှင့်စိတ်ခွန်အားဖြည့်စာစုများ”စာအုပ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။

စာဖတ်ဝို်ငးတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ဝါသနာပါသူများ၊ စာပေကိုချစ်မြတ်နိုးသူများ၊ စာဖတ်ပရိသတ်များ အသိပညာ ဗဟုသုတများ ပိုမိုတိုးပွားစေရန်၊ မိတ်ဆွေအပေါင်းအသင်းများ တိုးပွားစေရန်၊ တစ်ဦး၏ အတွေးအခေါ်နှင့် အခြားတစ်ဦး၏ အတွေးအခေါ်များကို အပြန်အလှန်ဆွေးနွေးနိုင်စေရန်၊ အတွေး အခေါ်သစ်များ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းဥက္ကဋ္ဌ စာရေးဆရာ မောင်ခိုင်ကျော် (ကျောက်ဆည်)က စာရေးဆရာ သတိုးနွယ်ရေးသားထားသည့် အရှုံးကိုမကြောက်ပါ နဲ့နှင့် စိတ်ခွန်အားဖြည့်စာစုများ စာအုပ်ပါ အကြောင်းများဖြစ်သည့် လူတစ်ယောက်အောင်မြင် ကျော်ကြားမှု ပန်းတိုင်သို့ ရောက်ရှိရန် စက်ဘီးဖြင့် လှည့်တင်၍ ရကောင်းသည် မဟုတ်ကြောင်း ကိုယ်ပိုင်စွမ်းရည် ကိုယ်ပိုင်အားထုတ်မှုဖြင့်သာ အောင်ပန်ဆွတ်ခူး နိုင်မည်ဖြစ်ကြောင်း၊ မြှားဖြင့် သတ်၍ သေနိုင်သလို ဓားဖြင့်သတ်၍ သေနိုင်သလို စကားဖြင့်သတ်၍ သေနိုင်သောကြောင့် သူ့စကား ကိုယ့်စကား ကြားစားအားလုံးကို သတိထားရန် လိုအပ်ကြောင်း   ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက လူတွေကိုကူညီချင်ရင် ကိုယ့်အားကိုယ်ကိုးသူဖြစ်အောင် အကူအညီပေးရန် လိုအပ်ကြောင်း၊ အရှုံးကိုကြောက်၍ မယှဉ်နိုင်ပါက အနိုင်ရမည်မဟုတ်ကြောင်း၊ အမှားကို ကြောက်၍မလုပ်ပါကလည်း အမှန်သိလာမည်မဟုတ်ကြောင်း၊ ပန်းကန်ကို ရှေ့နောက် သန့်ရှင်းအောင်ဆေးကြောသကဲ့သို့ လူဆိုသည်မှာ လူကောင်းဖြစ်လိုပါက လူကောင်းဖြစ်အောင် ကြိုးစားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

တင်တင်ထွေး