မဘိမ်း ဖေဖော်ဝါရီ ၂ဝ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေခြင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင်ရေး အသိ ပညာပေးလှုပ်ရှားမှု Mask Campaign ကို ယနေ့နံနက် ၈ နာရီအချိန်က တိုက်ကုန်းရပ်ကွက် လမ်းဆုံ ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ထိုသို့ Mask Campaign ပြုလုပ်ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းသူဝင်း နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ ပူးပေါင်းကာ ဒေသခံ လမ်းသွားလမ်းလာ ပြည်သူများနှင့် ခရီးသွားပြည်သူများကို မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုများ ရှိနေသည့်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွား လာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မဖြစ်မနေ ထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာ စည်းကမ်းချက်များကို အသိပညာပေးပြောကြားခဲ့ပြီး နှာခေါင်းစည်း Mask တပ်ဆင်မရှိပဲ နေအိမ်ပြင်ပ ထွက်ခွာသူ ပြည်သူများကို ပါးစပ်နှင့်နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးမင်း(ပြန်/ဆက်)