မင်းဘူး ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြိုနယ်ကိုဗစ်ကော်မတီထံမှ သိရသည်။
ထိုသို့ ထိုးနှံရာတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ အသက် ၁၈ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံရာတွင် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူ ၇၅၄၆ ဦး၊ ၁၈ နှစ်နှင့်အထက်ပြည်သူ ၈၂၄၀၅ ဦးစုစုပေါင်း ၈၉၉၅၁ ဦး ထိုးနှံပေးနိုင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆေထိုးရန် ကျန်ရှိနေသူများအား ကာကွယ်ဆေးများကို သတ်မှတ်ဦးတည် အုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)