ငှက်ပျောတောအောက်-ချီးသူစောအထက်  ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု  (၁၀၀)ရာခိုင်နှုန်းပြီးစီး

လိပ်သို ဖေဖော်ဝါရီ  ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ကျေးလက် နေပြည်သူများ   လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  အခြားစီးပွားရးလုပ်ငန်းများ၏ ထုတ်ကုန်၊ ထွက်ကုန်များကို ကုန်ကျစရိတ်  အနည်းဆုံးဖြင့် ဈေးကွက်သို့ လျင်မြန်စွာ  ရောက်ရှိပို့ဆောင်နိုင်စေရန်  ရည်ရွယ်၍    ကျေးလက် ကုန်ထုတ်လမ်းများ  ဖောက်လုပ်ပေးလျက်ရှိသည်။

ယခုအခါ   ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ်၊  ပထမ (၆)လပတ်  ပြည်နယ်အစိုးရ  ဘဏ္ဍာရန်ပုံငွေဖြင့်   ငှက်ပျောတောအထက်-ချီးသူစောအောက်  ကုန်ထုတ်လမ်း  Lot.18 အား   တင်ဒါအောင်မြင် သော  ပူးနဂါးကုမ္ပဏီမှ  ဖောက်လုပ်ဆောင်ရွက်ခဲ့ရာ (၁၀၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရ သည်။

အဆိုပါ ငှက်ပျောတောအောက်-ချီးသူစောအထက်  ကျေးလက်ကုန်ထုတ်လမ်း  ဖောက်လုပ်နေမှု  (၁၀၀)ရာခိုင် နှုန်း ပြီးစီးပြီဖြစ်၍   အဆိုပါလမ်းအား  အသုံးပြုကြမည့်  ကျေးရွာ(၃)ရွာ၊ အိမ်ခြေ  (၁၇၅)၊ လူဦးရေ (၉၀၁)၊ စိုက်ပျိုးဧက  ၁၀၅၀ ဧကအား  အကျိုးပြုနိုင်တော့မည် ဖြစ် ကြောင်း  သံတောင်ကြီးမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ဦးစီးမှူး  ဦးချမ်းငြိမ်းဝင်း ၏ ပြောပြချက်အရ  သိရှိရသည်။ 

နော်နီလာအေး(လိပ်သို)