ကျောက်မဲမြို့ရှိ "ဇလပ်ဝါ" လက်ဖက်စို/ လက်ဖက်ခြောက် လုပ်ငန်းအား အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ မှတ်ပုံတင်လက်မှတ်လွှဲ‌ပြောင်းပေးအပ်

ကျောက်မဲ ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်မဲခရိုင် ဦးစီးမှူး ဦးမြတ်မင်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး) နှင့် ဝန်ထမ်းများသည် ယနေ့ နံနက် ၁၀ နာရီ အချိန်က "ဇလပ်ဝါ" လက်ဖက်စို /လက်ဖက်ခြောက်လုပ်ငန်းမှ ကုန်ထုတ်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင် ဦးဇော်အောင်အား အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ မှတ်ပုံတင်လက်မှတ် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန ကျောက်မဲခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကျောက်မဲမြို့နယ်ရှိ စားသောက်ကုန်များ တစ်ပိုင်တစ်နိုင် ထုတ်လုပ်‌ဖြန့်ဖြူးရောင်းချနေသည့် အသေးစား အလတ်စား SMEs လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးပြီး အဆိုပါလုပ်ငန်းများမှ ထုတ်လုပ် သည့်  ထုတ်ကုန်များတွင် စားသုံးသူကာကွယ်‌ရေး ဥပဒေပုဒ်မ ၄၃ အရ  ကုန်အညွှန်း အမှတ် အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိပါက ယင်းစားသောက်ကုန်များ ဓာတ်ခွဲစစ်ဆေးနိုင်ရေးနှင့်  သက်ဆိုင်ရာဌာန အဖွဲ့အစည်း၏ ထောက်ခံချက် မှတ်ပုံတင်ရရှိရေး ကူညီချိတ်ဆက် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ယခုအချိန်အထိ ကျောက်မဲမြို့နယ်ရှိ စားသုံးဆီများ၊ မုန့်လုပ်ငန်းများနှင့် လ္ဘက်စို/လ္ဘက်ခြောက် များ ထုတ်လုပ်ရောင်းချလျက်ရှိသည့် လုပ်ငန်းပေါင်း ၁၁ ခုကို သက်ဆိုင်ရာ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၏ မှတ်ပုံတင်ရရှိအောင် ကူညီဆောင်ရွက်ထားပြီဖြစ်ကြောင်း စာသုံးသူ‌ရေးရာ ဦးစီးဌာန  ကျောက်မဲခရိုင်ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)