မိုးကုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Mask Campaign ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် ပါးစပ်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုရန် အသိပညာပေး Mask Campaing ပြုလုပ်ခြင်းအား ယနေ့နံနက် ၁၀ နာရီက မီးပွိုင့်လမ်းဆုံနေရာနှင့် တံတားနှစ်စင်း နေရာတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

လယ်ဝေးမြို့နယ်ရုံး Community Centreတွင် မီးဘေးလုံခြုံရေး အသိပညာပေး Talk Show ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန)တွင် ယမန်နေ့ ညနေ(၃)နာရီက မီးဘေးလုံခြုံရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။

ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာအတွင်းရှိ မူလတန်းကြိုကျောင်း၌ ကာကွယ်ဆေး လာရောက်ထိုးနှံသော ပြည်သူများအား Maskများအခမဲ့ ဖြန့်ဝေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ နောင်ဘိုကြီးကျေးရွာအတွင်းရှိ မူလတန်းကြိုကျောင်း ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ် ဆေး ကွင်းဆင်းထိုးနှံပေးရာတွင် Mask တပ်ဆင်လာခြင်း မရှိ‌သော ပြည်သူများအား တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်း၌ Mask Campaign ပြုလုပ်သည့် အ‌နေဖြင့် Mask များ အခမဲ့ ဝေငှပေးခဲ့သည်။

န/လက္ခုပ္ပင်ကျေးရွာတွင်တပိုင်တနိုင် ခရမ်းချဉ်စိုက်ပျိုးခြင်းဖြင့် မိသားစုပုံမှန်ဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် န/လက္ခုပ္ပင်ကျေးရွာရှိ တောင်သူ အများစုသည် ရေတွင်းများတူးဖော်ပြီး မြေအောက်ရေသွင်း၍ အခြေခံစားသောက်ကုန်ဖြစ်သည့် ခရမ်းချဉ်ကိုတပိုင်တနိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုပုံမှန်ဝင်ငွေ ရရှိလျက်ရှိသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ထားဝယ်) က ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်နေစဉ် ကာလအတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးက ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့်ပရဟိ တ ကျောင်းများသို့ လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသ ကြီးဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး(ထားဝယ်)က ထားဝယ်မြို့၊ ရတနာမာရ်အောင်သီလရှင စာသင်တိုက်သို့ ဆွမ်းဆန်တော်များဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ် ထားဝယ်ကျေးရာတွင် ဇွန်ပန်းစိုက်ပျိုးသူများ ဇွန်ပန်းပွင့်ချိန်၌ နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ထားဝယ်ကျေးရွာတွင် ဇွန်ပန်းစိုက်ပျိုးသူများ ဇွန်ပန်းပွင့်ချိန်၌ နေ့စဉ်ဝင်ငွေရရှိပြီး မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ ရောဂါနှင့် အိုမီခရွန်ရောဂါ အသိပညာပေး နှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် လိုက်လံအသိပေးကြေငြာ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ ရောဂါနှင့် အိုမီခရွန်ရောဂါ ကူးစက်မှု ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် လိုက်လံအသိပေးကြေငြာခြင်းကို မချမ်းဘော့မြို့ပေါ် ရပ်ကွက်များတွင် ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်မှစ၍ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ကြက်သွန်နီ စိုက်ပျိုးသော တောင်သူများ ဈေးကောင်းရရှိရေးမျှော်လင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မကျီးအင်းကျေးရွာတွင် ချောင်းရေ တင်ပြီး ကြက်သွန်နီ စိုက်ပျိုးသော တောင်သူများ ဈေးကောင်းရရှိရေး မျှော်လင့် နေကြကြောင်း သိရသည်။

အလုံမြို့နယ်၌ အသက်(၁၈)နှစ်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး   Phase-6 second dose နှင့် Phase-7 first dose ထိုးနှံခြင်းများ ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က(၄)ကျောင်းရှိ သီရိရတနာခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ၁၈နှစ်အထက်နှင့် ဘိုးဘွားများ၊  ပြည်သူများ၊ လက်ရှိတာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ သံဃာတော်များနှင့် စည်ပင်ဈေးဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို  Phase-6 second dose နှင့် Phase-7 first dose ထိုးနှံခြင်းကို ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အတွက် Mask Campaign ကို ယနေ့နံနက် ၈ နာရီက လူစည်ကားရာနေရာဖြစ်သည့် မြို့မစည်ပင်သာယာဈေး၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Subscribe to