လယ်ဝေးမြို့နယ်ရုံး Community Centreတွင် မီးဘေးလုံခြုံရေး အသိပညာပေး Talk Show ကျင်းပ

လယ်ဝေး  ဖေဖော်ဝါရီ  ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန)တွင် ယမန်နေ့ ညနေ(၃)နာရီက မီးဘေးလုံခြုံရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးမျိုးဇေယျာဝေတို့က မီးဘေးအန္တရာယ်ကြုံတွေ့ရသည့်အခါ အိမ်ရှင်တွေအနေဖြင့် ဘယ်လို အရာတွေ အရင်လုပ်ဆောင်သင့်သလဲ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ဖို့ ပြည်သူတွေ လိုက်နာရမည့် ဆောင်ရန်၊ရှောင်ရန်အချက်တွေ၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်ရပ်ကွက်၊ ကျေးရွာနှင့် ဈေးတွေမှာ ဘယ်လို စီမံလုပ်ဆောင်ထားသလဲ၊ ၂၀၂၁ ခုနှစ်က မီးလောင်မှု ဘယ်လောက်ဖြစ်ပွားခဲ့သလဲ စသည်တို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ ရွှေသွေးကာတွန်း၊ အားကစားလှုပ်ရှားမှု၊ သင်တန်းစသည့် အစီအစဉ်များကိုရိုက်ကူး၍ Onlineမှ တင်ဆက်ပေးလျှက်ရှိရာ မီးဘေးလုံခြုံရေး အသိပညာပေး Talk Show အစီအစဉ်ကိုလည်း We Love Leiway Page တွင် နှစ်ပိုင်းခွဲ၍ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)