ကျောက်ဆည် ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ထားဝယ်ကျေးရွာတွင် ဇွန်ပန်းစိုက်ပျိုးသူများ ဇွန်ပန်းပွင့်ချိန်၌ နေ့စဉ်ဝင်ငွေရရှိပြီး မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
ဇွန်ပန်းစိုက်ပျိုးခြင်းများနှင့် ပတ်သတ်၍ “ကျမတို့မိသားစုမှာ ဇွန်ပန်းပင်(၃၀၀)ပင် စိုက်ပျိုးထားပါတယ် အခုဆိုရင် ဇွန်ပန်းတွေ စတင်ပွင့်ပြီဖြစ် တာကြောင့် တစ်နေ့ဇွန်ပန်းပင်တစ်ပင်(တစ်ရုံ)မှ ဇွန်ပန်းအငုံ နို့ဆီဗူး(၁)ဗူးရရှိပါတယ်၊ ပန်းကုံးအဖြစ်ကုံးလိုက်ရင် ရောင်းတန်းဝင် ပန်းကုံး(၁၂) ကုံးရရှိပြီး ပန်းတစ်ကုံးလျှင် ငွေကျပ်(၄၀)နှင့်ရောင်းချရကြောင်း၊ ဇွန်ပန်းကနေ့စဉ်ခူးဆွတ်ရပြီး တစ်နေ့ပန်းကုံး (၃၆၀၀)ခန့်ရကြောင်း၊ ရောင်းချမှုအနေနှင့် ပန်းကုံးဝယ်တဲ့သူတွေက အိမ်အထိလာရောက်ဝယ်ယူသဖြင့် ဇွန်ပန်းစိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း" ထားဝယ် ကျေးရွာမှ ဇွန်ပန်းစိုက်ပျိုးရောင်းချသည့် မဝေဇင်မိုး၏ ပြောကြားမှုအရ သိရှိရသည်။
ပင်တလည်ကျေးရွာတွင် အိမ်ထောင်စု(၁၈၅)စုခန့် နေထိုင်လျက်ရှိရာ မိသားစုတိုင်း တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိရေးအတွက် ဇွန်းပန်းပင်များအား နေအိမ်ဝိုင်းမြေနေရာလွတ်များတွင် စိုက်ပျိုးထားပြီး ယာမြေများတွင်လည်း စီးပွားဖြစ် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ပြန်/ဆက်)