ရေနံချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်နိုင်ရေး နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ် ၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ကူးစက်ပျံ့ပွားမှု မဖြစ်ပေါ် စေရေးအတွက် ပြည်သူများအပြင်ထွက်တိုင်း နှာခေါင်းစည်း (mask) များတပ်ဆင် သွားလာသည့် အလေ့အထများ ဖြစ်ပေါ်စေရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင် သွားကြရန်ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ရေနံချောင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့နှင့် လမ်းမတော် လမ်းမကြီးတစ်လျောက်တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

တောင်ကြီးမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်အတွင်း အသံချဲ့စက်များဖြင့်လှည့်လည်ဆောင်ရွက်ခဲ့သည်။

တာမွေမြို့နယ်တွင် ပါးစပ်/နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်စေရေး အသိပညာပေးလှုပ်ရှားမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီစျေးများနှင့် ကုန်စည်ပွဲရုံများဌာန၏ စီစဉ်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်အတွင်းရှိ လူစည်ကားရာစျေးများ၊ ကားမှတ်တိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွများနှင့် လူအသွားအလာများသည့် နေရာများတွင် ပါးစပ်/နှာခေါင်းစည်း ( Mask )များနှင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron)နှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှု မရှိစေရေးအတွက် ပါးစပ်/နှာခေါင်းစည်း ( Mask ) စနစ်တကျ တပ်ဆင်စေရေး အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

ဟိုပုံးမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်အိုမီခရွန် ကြိုတင် ကာကွယ်ရေးအတွက် Mask Campaign ကို ယနေ့နံနက် (၈)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ ပြည်ထောင်စုလမ်းမကြီးနှင့် လမ်းဆုံ နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ ရွှေပြည်ကုန်းကျေးရွာအုပ်စု နောင်ဘိုကြီးကျေးရွာသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင် စေရန်နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေးခြင်းကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှစတင်၍ ယနေ့တိုင်ထိုးနှံပေးနေဆဲ ဖြစ်ကြောင်းသိရသည်။

(၇၃)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့နှင့် စတုတ္ထအကြိမ် တပေါင်းပွဲတော် အကြိုအထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဟိုနမ့်ဒေသ (၇၃) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့နှင့် စတုတ္ထအကြိမ် တပေါင်း ပွဲတော် ပြိုင်ပွဲကျင်းပရေးကော်မတီ တို့မှပူးပေါင်း၍ (၇၃) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့နှင့် စတုတ္ထအကြိမ်တပေါင်းပွဲတော်အကြို အထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲကို ဟိုနမ့် ကျေးရွာအုပ်စု နောင်ဘောင် ဘောလုံးဘက်စုံဖွံ့ဖြိုးရေး အားကစားကွင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

မောတောင်မြို့ရှိ မြို့မဈေးအတွင်း Mask Campaign ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်၏ လမ်းညွှန်မှု အရ မောတောင်မြို့ အုပ်ချုပ် ရေးမှူးဦးအောင်ဇင်ထိုက်၏ကြီးကြပ်မှုဖြင့် မောတောင်မြို့ မြို့မဈေးအတွင်း ယမန်နေ့ နံနက် ၈နာရီအချိန်က ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင် ရေးနှင့် ဒေသခံပြည်သူများ၊ ဈေးရောင်းချသူများ၊ ခရီးသွားပြည်သူများက နေအိမ်မှပြင်ပသို့ ထွက်ခွာ သည့် အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျဝတ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံးစေရေးရည်ရွယ်၍ MaskCampaign ပြုလုပ် ကြောင်းသိရသည်။

တောင်ပြိုလက်ဝဲမြို့ရှိ နံသာတောင်ပညာဒါန ပရဟိတကျောင်း၏ (၉)ကြိမ်မြောက် စုံညီပွဲတော် နှင့် ဆုပေးပွဲကျင်းပ

­ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ နံသာတောင် ပညာဒါန ပရဟိတ ကျောင်း၏ (၉)ကြိမ်မြောက် စုံညီပွဲတော် နှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာ ငွေများကို ယနေ့နံနက် (၉)နာရီအချိန်ကစတင်ပြီး ထုတ်ပေးလျက် ရှိသည်။

သာယာဝတီခရိုင်အတွင်း၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ ကျောင်းသူ (၆၅၉၁)ဦး ဝင်ရောက် ဖြေဆိုမည်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်း၌ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုရန် ကျောင်းသား/ ကျောင်းသူ(၄၉၂၄)ဦးနှင့် ပြင်ပဖြေဆိုရန်(၁၆၆၇)ဦး ရှိပြီး သာယာဝတီ မြို့နယ်တွင် အတွင်း/အပြင်ပေါင်း (၁၂၁၇)ဦး၊လက်ပံတန်းမြို့နယ်တွင် အတွင်း/အပြင်ပေါင်း (၉၂၉)ဦး၊မင်းလှမြို့နယ်တွင် အတွင်း/ အပြင်ပေါင်း (၈၁၆)ဦး၊ မိုးညိုမြို့နယ်တွင် အတွင်း/ အပြင်ပေါင်း (၆၈၂)ဦး၊ အုတ်ဖိုမြို့နယ်တွင် အတွင်း/ အပြင်ပေါင်း (၇၀၀)ဦး၊ ကြို့ပင်ကောက်မြို့နယ်တွင် အတွင်း/ အပြင်ပေါင်း (၇၈၆)ဦး၊ဇီးကုန်းမြို့နယ်တွင် အတွင်း/ အပြင်ပေါင်း (၈၀၆)ဦး၊ နတ်တလင်းမြို့နယ်တွင် အတွင်း/အပြင်ပေါင်း (၆၅၅)ဦး၊ စုစုပေါင်း အတွင်း/ အပြင်ပေါင်း (၆၅၉၁)ဦးသည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာများ တင်သွင်းထားရှိကြောင်း သိရသည်။
Subscribe to