ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာအတွင်းရှိ မူလတန်းကြိုကျောင်း၌ ကာကွယ်ဆေး လာရောက်ထိုးနှံသော ပြည်သူများအား Maskများအခမဲ့ ဖြန့်ဝေ

ပိုင်ကျုံ  ဖေဖော်ဝါရီ  ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ နောင်ဘိုကြီးကျေးရွာအတွင်းရှိ မူလတန်းကြိုကျောင်း ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ် ဆေး ကွင်းဆင်းထိုးနှံပေးရာတွင် Mask တပ်ဆင်လာခြင်း မရှိ‌သော ပြည်သူများအား တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်း၌ Mask Campaign ပြုလုပ်သည့် အ‌နေဖြင့် Mask များ အခမဲ့ ဝေငှပေးခဲ့သည်။

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် “ကိုဗစ်-၁၉ကပ်ရောဂါကို ကြိုတင်ကာကွယ်ရေး လုပ်ငန်းမှာ ပြည်သူတွေ ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက် နာဖို့ လိုအပ်သလို ကျေးရွာအတွင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကိုလည်း ဌာနဆိုင်ရာ‌တွေ၊ ကျန်းမာရေးဝန်ထမ်း တွေနဲ့ လူမှုရေး ပရဟိတ အသင်း အဖွဲ့ တွေက အဘက်ဘက်ကနေ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ပြုလုပ်ဆောက်ရွက်နေပါတယ်” ဟု Mask Campaign ပြုလုပ်သည့် တာဝန်ရှိသူတစ်ဦးက အသိပေး ပြောကြားသည်။

ပိုင်ကျုံမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးပရဟိတအသင်းအဖွဲ့များက ပူးပေါင်း၍ အရှိန်အဟုန်မပြတ် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စောဂျိုးဇက်ဂျူး