ရွှေတောင်မြို့နယ်တွင် Mask Campaign နှင့် အိုမီခရွန် ရောဂါပိုးကာကွယ်ရေး အသိပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရွှေတောင် မြို့နယ်တွင်ပြည်သူများ အိုမီခရွန် ရောဂါပိုးကူးစက်မှုကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်းအဖွဲ့မှ Mask Campaign နှင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇း၃၀ နာရီက လူစည်ကားသည့် ပြည်-ရန်ကုန်လမ်းတည်ကုန်းတောင်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တမူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်မှစ၍ ပြည်သူ့ဆေးရုံတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကလိန်အောင်ဒေသထွက် ကွမ်းသီး ယခင်နှစ်ကထက် ဈေးကောင်းရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးခြံစိုက်ပျိုးခြင်းဖြင့်လည်း စီးပွား ဖြစ်ထွန်းလျက်ရှိပြီး ယခု နှစ်ကွမ်းသီးပေါ်ချိန်တွင် ယခင်နှစ်ကထက် ဈေးကောင်းရရှိလျက်ရှိကြောင်း ကလိန်အောင် မြို့ ကွမ်းခြံစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွှန်) ကာကွယ်ထိန်းချုပ်နိုင်ရေး ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှုပြုလုပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွှန်)နှင့် ပတ်သက်၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီခွဲက မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် တောင်ပိုင်းရပ်ကွက် အထက(မယ်စဲ့)ကျောင်းရှေ့တို့၌ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင် “လူငယ်နှင့် ပညာရေး” အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင်  “လူငယ်နှင့်ပညာရေး “အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀) နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ငွေစာရင်းထိန်းသိမ်းနည်း သင်တန်း ဖွင့်လှစ်

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စာရင်းစစ်ရုံးတို့ ပူးပေါင်း၍ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခါမ်းပါတ်၌ အိမ်သုံးတံမြက်စည်းများ ပြုလုပ်ရောင်းချခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ထင်းဇင်ရွာမကျေးရွာတွင် အိမ်သုံးတံမြက်စည်းများ ပြုလုပ်ရောင်းချခြင်း လုပ်ငန်းကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်‌ လှေကျင်းရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ  “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ယမန်နေ့ နံနက်(၉)နာရီက လှေကျင်းရပ်ကွက်ရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် ၀၇:၀၀ အချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးခရိုင် (CommunityCentre) တွင် စိတ်ကြိုက် ပန်းချီပြိုင်ပွဲကျင်းပ

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (CommunityCentre) တွင် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to