မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ပိုးများကြောင့် ရောဂါဖြစ်ပွားမှု တစ်ကျော့ပြန်လည်၍ များပြား မလာစေရေးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်ကွက်ကဲမှုဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ နယ်စပ်ကုန်သွယ်ရေးစခန်း စစ်ဆေးရေးဂိတ်နှင့် ဝမ်ကန်စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေ အနေအား ယနေ့ နံနက် ၉ နာရီက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများနှင့် ၁၈နှစ်အထက် ပထမအကြိမ် ထိုးရန်သူများအား ဆက်လက်ထိုးနှံ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများနှင့် ၁၈နှစ်အထက် ပထမအကြိမ်ထိုးရန်သူများအား ဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၄)နေရာတွင် ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေးလာရောက် ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

လွိုင်​ကော်မြို့၌ နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၅၀)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေးလျက်ရှိ

ကယားပြည်နယ်၊ လွိုင်ကော်​မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသော နိုင်ငံ့ဝန်ထမ်းများနှင့် အသက် (၅၀)နှစ်နှင့်အထက် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ထိုးနှံပေးခြင်းကို  ဖေဖော်ဝါရီ ၁၄ ရက်နေ့မှစတင်၍ လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး ဆေးထိုးစုရပ်၌ တတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ် - ၁၉ မျိုးရိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေး ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပ

ပုသိမ်မြို့နယ်၊ ကိုဗစ်ကော်မတီသည် မျိုးရိုးဗီဇပြောင်းရောဂါစောင့်ကြည့်ခြင်းလုပ်ငန်းများအား စဉ် ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ယနေ့မွန်းလွဲပိုင်းအချိန်က ပုသိမ်မြို့နယ် ကိုဗစ်ကော်မတီဝင်များ ဖြစ်ကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကြက်ခြေနီ မီးသတ်အစရှိသော အဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းပွဲကို ပုသိမ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြက်တိုစုပေါင်းရုံးအစည်းဝေးခန်းမ၌ကျင်းပပြုလုပ်သည်။

မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ ပင်စင်လစာများစတင်ထုတ်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊မြစ်သားမြို့နယ် မြန့်မာ့စီးပွဦးရေးဘဏ်(ခွဲ)မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် (၇)နာရီက စတင်ကာ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ် ရေးညွှန်ကြားချက်များနှင့် အညီထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ဧရာဝတီဝတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အသက် (၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ‌ရွှေခယ်သီရိ အားကစားခန်းမတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေ များကို ယနေ့နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားအငြိမ်းဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစားများကို ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သဲကုန်း မြို့မစည်ပင်သာယာဈေးတွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး ပညာပေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၇ နာရီခွဲက သဲကုန်းမြို့မစည်ပင်သာယာဈေးတွင် ပြုလုပ်ခဲ့သည်။

မိုးနဲမြို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ပန်းခင်းစီမံချက်ဖြင့် သာသနာ့အနွယ်ဝင်စိစစ်ရေးကတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းမြစိုးလှိုင်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် မိုးနဲမြို့ လွိုင်မြေရပ်ကွက်ရှိ ဝိဇ္ဇာရိယ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းသို့ ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်း၍ သာသနာ့အနွယ်ဝင်စိစစ်ရေးကတ်နှင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to