ကျေးသီး ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အတွက် Mask Campaign ကို ယနေ့နံနက် ၈ နာရီက လူစည်ကားရာနေရာဖြစ်သည့် မြို့မစည်ပင်သာယာဈေး၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးထူးထက်၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲမှူး လူလှနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဌာနမှူး ဒေါက်တာမောင်မောင်မြတ်ဗိုလ်သူနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးဌာန ဝန်ထမ်းများ၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများနှင့်တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ပြီး ဈေးရောင်း ဈေးဝယ်ပြည်သူများ၊အကြောင်းအမျိုးမျိုးကြောင့် မြို့တွင်းမြို့ပြင် သွားလာနေသူများအား ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေအိမ် ပြင်ပ ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask )များ စနစ်တကျတပ် ဆင်ရန်၊ လူစုလူဝေးကို တတ်နိုင်သမျှရှောင်ကြဉ်ရန်၊ လက်ကိုစနစ်တကျဆေးကြောရန်စသည့် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ရေးနည်းလမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခဲ့ပြီး ဟောင်းနွမ်းညစ်ပေနေသော နှာခေါင်းစည်း (Mask ) တပ်ဆင်ထားသူများအား အသစ်လဲလှယ်ပေးခြင်း၊ နှာခေါင်းစည်း (Mask) တပ်ဆင်ထားခြင်း မရှိသူများအား နှာခေါင်းစည်း (Mask )များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နန်းမွမ်းဆိုင်(ကျေးသီး)