တောင်ငူ၌ ဗီဒီယိုတည်းဖြတ်ခြင်း သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက ဗီဒီယိုတည်းဖြတ်ခြင်း သင်တန်းဖွင့်လှစ်သည်။

မိုးနဲမြို့နယ်၌ မြို့ပြအငြိမ်းစား ပင်စင်များ စတင်ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ မြို့ပြနှင့် ကာကွယ်ရေးအငြိမ်းစား ပင်စင်နှစ်မျိုးကို လစဉ် ယနေ့နှင့် နောက်ပိုင်း ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီခွဲ အချိန်တွင် မြို့ပြပင်စင်အငြိမ်းစားများကို ပင်စင်ငွေ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြောက်ဦးမြို့ရှိ မြို့မဈေးကြီး မီးဘေးအန္တရာယ်လုံခြုံရေးရေးနှင့် ရေရရှိမှုများ ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ မြို့အဈေးကြီးအတွင်း မီးဘေးအန္တရာယ် လုံခြုံရေးနှင့် ရေရရှိမှုများကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့က သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

နားကုန်းကျေးရွာအုပ်စုတွင် ‘‘ပန်းခင်း”စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း စစ်ဆေး ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူတို့သည် “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းစစ်ဆေးထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်း လုပ်ငန်းများကို (၁၁-၂-၂၀၂၂)ရက်နေ့မှ (၁၉-၂-၂၀၂၂)ရက်နေ့အထိ အဆိုပါ ကျေးရွာအုပ်စုရှိ ကျေးရွာ(၉)ရွာစုရပ်များ အသီးသီး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊  မြန်မာ့စီးပွါးရေးဘဏ်၌  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  ယနေ့နံနက် (၈:၀၀)နာရီအချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ် တလုတ်ရင်းကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် တလုတ်ရင်းကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ ကျောင်းသား၊ ကျောင်းသူများနှင့်‌ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ် ပေးခြင်းကို ယမန်နေ့နံနက်(၈)နာရီခွဲက ကွင်းဆင်း ပြုလုပ်ပေးခဲ့သည်။

မဘိမ်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေး  

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ယနေ့ နံနက် ၉ နာရီအချိန်မှစတင်ပြီး ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ဘေလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက်လာမှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ် စစ္စနို့ဓာတ်အားခွဲရုံမှ ဓာတ်ကုန်းကျေးရွာနှင့် ညောင်ဝိုင်းကျေးရွာများသို့ 11KV ဓာတ်အား လိုင်းဆွဲနိုင်ရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်ဒေသများ လျှစ်စစ်မီးရရှိ စေရန်အတွက် မင်းလှမြို့နယ် စစ္စနို့ကျေးရွာရှိ ဓာတ်အားခွဲရုံမှ ဓာတ်ကုန်းကျေးရွာနှင့် ညောင်ဝိုင်းကျေးရွာများသို့ 11KV ဓာတ်အားလိုင်းဆွဲ နိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့က ယမန်နေ့ နေ့လယ်(၃) နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Subscribe to