အလုံမြို့နယ်၌ အသက်(၁၈)နှစ်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး   Phase-6 second dose နှင့် Phase-7 first dose ထိုးနှံခြင်းများ ဆောင်ရွက်

အလုံ  ဖေဖော်ဝါရီလ ၂၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က(၄)ကျောင်းရှိ သီရိရတနာခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ၁၈နှစ်အထက်နှင့် ဘိုးဘွားများ၊  ပြည်သူများ၊ လက်ရှိတာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ သံဃာတော်များနှင့် စည်ပင်ဈေးဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို  Phase-6 second dose နှင့် Phase-7 first dose ထိုးနှံခြင်းကို ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေး ခြင်း၊ ကျန်းမာ ရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အလုံမြို့နယ်၌  ​ဖေ​ဖော်ဝါရီလ ၂၀ ရက်​နေ့အထိ အသက်(၁၈)နှစ်အထက် ပြည်သူ ၂၃၅၀၄ ဦးအား ကိုဗစ်-၁၉ ကာကွယ်​ဆေး ထိုးနှံပြီးပြီဖြစ်​ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုန့်ပြန်​ရေး​ကော်မတီထံမှ သိရှိရသည်။

တင်တင်ချို(ပြန်/ဆက်)