န/လက္ခုပ္ပင်ကျေးရွာတွင်တပိုင်တနိုင် ခရမ်းချဉ်စိုက်ပျိုးခြင်းဖြင့် မိသားစုပုံမှန်ဝင်ငွေရရှိ

နတ်မောက်  ဖော်ဝါရီ  ၂၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် န/လက္ခုပ္ပင်ကျေးရွာရှိ တောင်သူ အများစုသည် ရေတွင်းများတူးဖော်ပြီး မြေအောက်ရေသွင်း၍ အခြေခံစားသောက်ကုန်ဖြစ်သည့် ခရမ်းချဉ်ကိုတပိုင်တနိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုပုံမှန်ဝင်ငွေ ရရှိလျက်ရှိသည်။

ထိုသို့စိုက်ပျိုးရာတွင် မိမိစိုက်ခင်းအတွင်း၌ အခြေခံစားသောက်ကုန်ဖြစ်သည့် ခရမ်းချဉ်ကို မိုးကုန်ပြီး နောက် မြေအောက်ရေသွင်းခြင်းဖြင့် စတင်စိုက်ပျိုးကြသည်။ ခရမ်းချဉ်စိုက်ပျိုးရာတွင် “ ခရမ်းချဉ် မျိုးများ ကတော့ ဗမာခရမ်းချဉ်နဲ့ထိုင်ဝမ်မျိုးဆိုပြီနှစ်မျိုးရှိတာပေါ့၊ ခု ကျွန်မစိုက်ပျိုးထားတာကတော့ ဗမာ ခရမ်းချဉ်ခေါင်း စိမ်းသီးဖြစ်ပါတယ်၊ ကျင်းဖွဲ့ဘောင်တင်ပြီး တစ်ပင်နှင့်တစ်ပင် (၃)ပေကွာ စိုက်ပျိုးထား တာပါ၊ (၃)ရက်ခြား  တစ်ခါရေပေးသွင်းရပါတယ်၊ မြေဆီဈေးကကြီးတော့ ကြက်ခြံများ မှကြက်ချေးများ ဝယ်ယူပြီးကျင်းထဲထည့်ပါတယ်၊ အသီးအရွက်တွေအတွက် ကောင်းပါတယ်၊ အသီးရင့်လာပြီး မှည့်စပြု နေပါပြီ၊ အရင်ကတော့ ခရမ်းချဉ်သီးတစ်ပိဿာကို (၁၀၀၀)ရောင်းရပြီး အခုချိန်မှာတော့ (၃၅၀)ပဲ ရှိတော့တယ်၊ အသီးလှိုင် လှိုင်မှည့်ချိန်မှာ ဈေးကောင်းလေးတော့ ရချင်ပါတယ်၊ ထွက်ရှိလာတဲ့ ကုန်ပစ္စည်းများကိုတော့နေ့စဉ် မြို့မစျေးသို့ လက်လီ/ လက်ကား ရောင်းချလျက်ရှိကြောင်း န/လက္ခုပ္ပင် ကျေးရွာမှ ခရမ်းချဉ်စိုက်တောင်သူတစ်ဦးမှ” ပြောကြားသည်။

သင်းသင်းမြတ်