ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ မှန်တောကျေးရွာသို့ သောက်သုံးရေလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ထီးပုကျေးရွာအုပ်စု မှန်တောကျေးရွာသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုက ယနေ့နံနက် ၈ နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်းသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က နှိုးဆော်ခဲ့သည်။

ဝေမျှခြင်းပရဟိတမိသားစုမှ စည်းကံတဲတိုက်သို့ သောက်သုံးရေ ၁၆၀၀ ဂါလံ လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စည်းကံတဲတိုက်အတွက် သောက်သုံးရေလိုအပ်လျက်ရှိသော စည်းကံတဲတိုက်သို့ ယမန်နေ့ နံနက် ၉ နာရီအချိန်က ဝေမျှခြင်း ပရဟိတ မိသားစုက သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများ လှည့်လည်ဆောင်ရွက်

ပွင့်လင်းရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုများ၊ မီးလန့်မှုများ မဖြစ်ပွားစေရန်အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယမန်နေ့ မွန်းလွှဲ ၃ နာရီအချိန်က မြို့တွင်း ရပ်ကွက်များနှင့် အနီးအနားကျေးရွာများသို့ လှည့်လည်ဆော်ဩခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်အပါအဝင် ရောဂါပိုးများကို သတိပြုကာကွယ်ရေး အသိပညာပေးနှိုးဆော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်အပါအဝင် ရောဂါပိုးများကို သတိပြုကာကွယ်ရန် ယနေ့နံနက် ၇ နာရီတွင် ရပ်ကွက်နှင့် ကျေးရွာများသို့ အသံချဲ့စက်ဖြင့် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

သီပေါမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်စားများအား ပင်စင် လစာငွေများကို ယနေ့ နံနက်ပိုင်းမှစတင်၍ ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သထုံမြို့၊ နောင်ကုလား၊ ဘုရားလေးပရိယတ္တိစာသင်တိုက် ကျောင်းတိုက်ဂုဏ်ဆောင် စာအောင် သံဃာ(၃)ပါးအား ဂုဏ်ပြုပူဇော်လှည့်လည်ပွဲပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားရွာကြီး၊ ဘုရားလေးပရိယတ္တိစာသင်တိုက်မှ နိုင်ငံတော် အဆင့် အောင်မြင်မှုကို ဆွတ်ခူးရရှိခဲ့ပြီး ကျောင်းတိုက်ဂုဏ်ဆောင်နိုင်ခဲ့သည့် သံဃာတော် (၃)ပါးတို့အား ဒေသခံပြည်သူများတို့က ယမန်နေ့ မွန်းလွဲပိုင်းက ဂုဏ်ပြုကြိုဆိုကာ လှည့်လည် ပူဇော်ခဲ့ကြကြောင်း သိရသည်။

ပိုင်ကျုံမြို့ မဲသပုံ-ကွီးကျယ်ရေတံခွန်ထိ ရွာချင်းဆက်မြေလမ်း (၂)မိုင်အား ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားရေးလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မဲသပုံ-ကွီးကျယ် ရေတံခွန်ထိ ရွာချင်းဆက်မြေလမ်း (၂)မိုင်အား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းကို နို၀င်ဘာလ ၂၁ရက်နေ့တွင် စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ရာနှုန်းပြည့် ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်(လဝက)မှ ညောင်ပင်ကွင်းကျေးရွာသို့ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသားကတ်များ ဆက်လက်ဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ (လဝကမှူး)ဦးတင့်နိုင်နှင့် ဝန်ထမ်းများသည် “လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ကျေးလက်နေပြည်သူများ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လက်ဝယ်ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် နံနက်၉နာရီမှ ညနေ၄နာရီအထိ ညောင်ပင်ကွင်းကျေးရွာအုပ်စု- ညောင်ပင်ကွင်းအရှေ့ရွာ ဇေယျစိတ္တသုခဘုန်းတော်ကြီးကျောင်းအတွင်း ဒုတိယနေ့အဖြစ် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့မှ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ရှိ အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့မှ ညောင်ဦး မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုးဖြင့် သေးဆုံးခဲ့သည့် လူနာနေထိုင်ခဲ့သည့် နေအိမ်ကို ယနေ့နံနက် ၉ နာရီအချိန်က ဆေးဖြန်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to