မိုးကုတ် ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် ပါးစပ်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုရန် အသိပညာပေး Mask Campaing ပြုလုပ်ခြင်းအား ယနေ့နံနက် ၁၀ နာရီက မီးပွိုင့်လမ်းဆုံနေရာနှင့် တံတားနှစ်စင်း နေရာတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အသိပညာပေး Mask Campaing ပြုလုပ်ခြင်းခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ဖြစ်ပွားမှု သတိပြု ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု တားဆီးရေးအတွက် လိုက်နာဆောင်ရွက် ရမည့် နည်းလမ်းများနှင့် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း (Mask)များကို စနစ်တကျ တပ်ဆင်အသုံးပြုစေရန် အသိပညာပေးခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး Mask Campaign ပြုလုပ်ခဲ့ကြောင်းသိရသည်။
နန်းခွာညိုနှင်း
ပြန်/ဆက်