နတ်တလင်းမြို့နယ်၌ ကွန်ကရစ်လမ်းချဲ့ခင်းခြင်း၊ ကွန်ကရစ်တံတား ၂စင်း ချဲ့ခင်းခြင်း၊ လမ်းမီးတိုင် (၄)တိုင် ရွှေ့ပြောင်းစိုက်ထူခြင်းလုပ်ငန်း ၅၀ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီး

နတ်တလင်း ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်၊ မြို့မရပ်ကွက်အတွင်း ဆောင်ရွက်လျက်ရှိသည့် ရုံးလမ်းဘေး ကွန်ကရစ်လမ်းချဲ့ခင်းခြင်း၊ ကွန်ကရစ်တံတား ၂စင်း ချဲ့ခင်းခြင်း၊ လမ်းမီးတိုင် (၄)တိုင် ရွှေ့ပြောင်းစိုက်ထူးခြင်း လုပ်ငန်း ၅၀ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မိုးလွင်ထံမှ သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းချဲ့ခင်းခြင်း၊ ကွန်ကရစ်တံတား ၂စင်းချဲ့ခင်းခြင်း၊ လမ်းမီးတိုင် (၄)တိုင် ရွှေ့ပြောင်းစိုက်ထူးခြင်း လုပ်ငန်းအား ၂၀၂၁-၂၀၂၂ Mini ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအသုံးစရိတ်၏ ခွင့်ပြုရန်ပုံငွေကျပ် ၃၂ ဒဿမ ၂၈ သန်းဖြင့် ဘေးတစ်ဖက်တစ်ချက် ကွန်ကရစ်လမ်းချဲ့ခင်းခြင်း အရှည် ၅၁၂ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၈ လက်မ၊ ကွန်ကရစ်တံတား ၂ စင်းချဲ့ ခင်းခြင်းတစ်ဖက်တစ်ချက် ၁၀‌ပေ၊ အနံ ၆ပေ၊ အနက် ၄ပေနှင့် လမ်းမီးတိုင် ၄ တိုင် ပြောင်းရွှေ့စိုက်ထူခြင်းကို Royal Phone Myat Paing ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုတွင် ၅၀ ရာခိုင်နှုန်း‌ကျော် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းပြီးစီးပါက မြို့သာယာလှပ‌ပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့် သွားရေးလာ‌ရေးအတွက် အဆင်‌ပြေ လွယ်ကူ‌လာမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး