ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေရှားပါးသည့် စံပြကျေးရွာနှင့် မောက်စကုန်းတဲတိုက်သို့ ရေဂါလံ ၂၄၀၀လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျှက်ရှိသော တောင်ဇင်းအုပ်စု စံပြကျေးရွာနှင့် မောက်စကုန်းတဲတိုက်သို့ ယနေ့နံနက် ၉နာရီအချိန်က သောက်သုံးရေဂါလံ ၂၄၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်၌ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မွန်ပြည်နယ် ၊မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ငပု​တောမြို့နယ်အတွင်းရှိ  ဈေးဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး  လမ်းညွှန်ချက်နှင့် အညီ ​ရောင်းချမှုရှိ/မရှိစစ်​ဆေး

ဧရာဝတီတိုင်းဒေသကြီး ၊  ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၌  ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်​ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူစည်ကားရာနေရာများဖြစ်သည့် ငပု​တော မြို့၊ မြို့အဝင်စစ်​ဆေး​ရေးဂိတ်၊ သင်္ဘောဆိပ်နှင့်  မြို့မ​စျေး အတွင်းရှိ ဈေးရောင်းချနေသူများအား ယ​မန်နေ့ နံနက် ၈ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ရောင်းချနေမှု ရှိ/မရှိ  ရှောင်တခင်စစ်ဆေး၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်း ​မြို့နယ်၊ မုန့်လုပ်​ဆောင်းကုန်း/တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ​​ကျောင်းဝင်းအတွင်းတွင် ယမန်နေ့နံနက် (၀၉:၀၀) နာရီအချိန်က covishield phase 6 (ဒုတိယ) အကြိမ် ထိုးနှံသူ (၆၆) ဦးနှင့် covishield phase 7 (ပထမ) အကြိမ်ထိုးနှံသူ (၁၂၁)ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံသူ (၁၈၇)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက်(Mask) စနစ်တကျ တပ်ဆင်သွားလာစေရေး ကြီးကြပ်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့နှင့် အေးမြသာယာ ကျေးရွာတို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ထားခြင်း မရှိသူများအား မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီက Mask တပ်ဆင် သွားလာကြစေရန် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် (အိုမီခရွန်) ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး Mask Campaign ပြုလုပ်

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)နှင့် ပတ်သက်၍ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီက မြို့အဝင်လမ်းဆုံနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး‌ရှေ့တို့၌ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

လသာမြို့နယ်တွင် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယနေ့နံနက် (၉) နာရီအချိန် က ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ အထက(၂) လသာကျောင်း၀င်းအတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဝါးခယ်မမြို့၌ မြို့နယ်စည်ပင်သာယာ​ရေးဝန်ထမ်းများက ​မြို့မစျေးကြီးတွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ဧရာဝတီတိုင်း​ ဒေသကြီး၊​ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့တွင် မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကိုပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိလိုက်နာ ဆောင်ရွက်ကြစေရန် အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူခြင်း နှိုးဆော်မှုများ ပြုလုပ်ခြင်း စသည့် လုပ်ငန်းများကို ယ​နေ့နံနက်မှစ၍​ မြို့မ​စျေးကြီးအတွင်း စည်ပင်သာယာရေး ဝန်ထမ်းများက ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မင်္ဂလာဒုံ မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်၍ ကွင်းဆင်း ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး က "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့"ဟူသော ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များကို ရပ်ကွက်၊ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ မင်္ဂလာဒုံမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန် ကျန်ရှိသော ပြည်သူများအား ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မင်္ဂလာဒုံမြို့နယ်လုံးဆိုင်ရာ ပါဠိပထမပြန်စာမေးပွဲနှင့် နိကာယ်စာမေးပွဲတို့တွင် စာမေးပွဲဖြေဆိုအောင်မြင်သော သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား အောင်လက်မှတ်နှင့် အောင်ဆု ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ပါဠိပထမပြန် စာမေးပွဲနှင့် နိကာယ်စာမေးပွဲတို့တွင် စာမေးပွဲဖြေဆို အောင်မြင်ကြသော သံဃာတော်များ၊ သီလရှင်ဆရာလေးများအား အောင်လက်မှတ်နှင့် အောင်ဆုဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက နွယ်ခွေကျေးရွာအုပ်စုရှိ နွယ်ခွေရွာဦးကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to