ညောင်ဦးမြို့နယ် ထိုင်ဝမ်သင်္ဘောစိုက်ပျိုးတောင်သူများ ထွက်သလောက်ရောင်းချရပြီး ထပ်စိုက်ပျိုးသူများလာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာများ၊ သစ်ထောင့်ကျွန်းကျေးရွာများသည် ထိုင်ဝမ်သင်္ဘောစမ်းသပ်စိုက်ပျိုးခဲ့ရာ ထိုင်ဝမ်သင်္ဘောသီးပေါ်ချိန် ဈေးကွက်အတွင်း ထွက်သလောက်ရောင်းကောင်းခြင်းကြောင့် ထပ်မံစိုက်ပျိုးဖို့ပျိုးထောင် ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သစ်ထောင့်ရွာနေ တောင်သူ ဦးတင်မောင်ဝင်း ကထံကသိရသည်။