မိုးယွန်းကြီးအင်းအတွင်း တရားမဝင်ငါးဖမ်းကိရိယာဖြစ်သည့် ဘက်ထရီရှော့တိုက် (ကျင်စက်) ဖြင့် ငါးရှာ​ဖွေဖမ်းဆီးမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ဝေါ ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ မိုးယွန်းကြီးအင်းအတွင်း ငါးသယံဇာတ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ငါးမျိုးများပြန့်ပွားစေရန် ရည်ရွယ်၍ ငါးရှာဖွေဖမ်းယူ အသက်မွေးဝမ်းကြောင်း ပြုကြသူများအနေဖြင့် တရားမဝင် ငါးဖမ်းကိရိယာဖြစ်သည့် ဘက်ထရီရှော့တိုက်(ကျင်စက်) ဖြင့် ငါးရှာဖွေဖမ်းဆီးမှု မရှိစေရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက မိုးယွန်းကြီး အင်းအတွင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မိုးယွန်းကြီးအင်းတာပတ်ဝန်းကျင်ရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ရေလုပ်သားများ ပါဝင်သောအဖွဲ့ဖြင့် အင်းအတွင်း ငါးရှာဖွေနေသူများထံသို့ စက်လှေများဖြင့် သွားရောက်၍ တရားမဝင်ငါးဖမ်းကိရိယာ ဘက်ထရီရှော့တိုက်(ကျင်စက်)ဖြင့် ရှာဖွေဖမ်းဆီးမှု ရှိ/မရှိ၊ ငါးသယံဇာတတိုးပွားရေး၊ ငါးမျိုးပြန့်ပွားရေးနှင့် ရေရှည်ငါးဖမ်းယူနိုင်ရေးအတွက် ဘက်ထရီရှော့တိုက် (ကျင်စက်)ဖြင့် ငါးရှာဖွေဖမ်းဆီးမှု မပြုလုပ်ကြရန်၊ ပြုလုပ်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး ပြောကြားသည်။

စိုးမိုး(ပြန်/ဆက်)