ဝါးခယ်မမြို့နယ်‌ ကျေးရွာအုပ်စု(၂)အုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဝါးခယ်မ ဖေဖော်ဝါရီ ၂၄

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက်(၉)နာရီက ‌‌ ကွမ်းသီးချောင်းလေးနှင့် ဘိုးဘေးအညာစုကျေးရွာရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး  ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦး‌ကျော်စိုး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက ကွမ်းသီးချောင်းလေးနှင့်ဘိုးဘေး အညာစုကျေးရွာ ရှိပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက် (၁) နှစ်ပြည့်(၄)ဦး၊ အသက် (၁) နှစ်ပြည့် (၁၀)ဦး၊ လဲလှယ်(၄)ဦး၊ မိတ္တူ(၂)ဦး၊ စုစုပါင်း(၂၀)ဦးတို့အား ‌ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။

စောသန္တာဦး(ပြန်/ဆက်)