သရက် ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၈)နာရီက လူစည်းကားရာ နေရာများဖြစ်သည့် မြို့မဈေးရှေ့နှင့် ဘုရားကြီး မြောက်ဖက် ဈေးရောင်၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း (Mask) အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ Mask Campain ဆောင်ရွက်ရာတွင် သရက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလာသည် ဖြစ်သည့် အတွက် မြို့နယ်အတွင်းရှိ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် လူစည်ကားရာ နေရာများဖြစ်သည့် မြို့မဈေးရှေ့၊ ခရီးသွားပြည်သူများ၊ လမ်းသွား လမ်းလာများ၊ မော်တော်ယာဉ်မောင်းနှင်သူများနှင့် ခရီးသည်များအား နှာခေါင်းစည်း (Mask) တပ်ဆင် သွားလာစေရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များအပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ပေး ခြင်းများ အသိပညာပေးပြီး (Mask) အခမဲ့ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့သည်။
Mask Campaign ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)