ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း(အိုမီခရွန်) ကြိုတင်ကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်)သည် မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် ဝင်ရောက်လာသူများမှ တဆင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ဆီဆိုင်မြို့အဝင်၌ ဖွင့်လှစ်ဆောင်ရွက် လျက်ရှိသည်။

ကျွန်းစုမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ (Version 7) ရှင်းလင်း ဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ (Version 7) ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်အကြီးအကဲများ တက်‌ရောက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ''ဆောင်ပုဒ်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ပြည်သူများ လက်ဝယ်အရောက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်၉:၄၅ အချိန်က အမှတ်(၆၀၊၆၁)ရပ်ကွက်၊ဗုဒ္ဓရောင်ခြည်ဓမ္မာရုံတွင် နိုင်ငံသား စိစ်ရေးကတ်ပြား (၃၁၁) ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၈၂၉)စောင်ကို မြို့နယ် လဝကဦးစီးမှူး ဦးအေးကျော်နှင့် ဝန်ထမ်းများမှ ပေးအပ်ပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

မိုင်းဖြတ်မြို့နယ်၌ အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ (အခမဲ့) ဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သက်ဆိုင်ရာပူးပေါင်းအဖွဲ့က အိုမီခရွန်ရောဂါကြိုတင် ကာကွယ် ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ (အခမဲ့)ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ယာယီပျံကျဈေး၊ မြို့မဈေး တို့တွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရ ကချင်ပြည်နယ် အေရိုးဗစ်အသင်းအား ဂုဏ်ပြုကြိုဆို

၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရ ကချင်ပြည်နယ်အသင်းအား မြစ်ကြီးနားလေဆိပ်၌ ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

မိုးညှင်းမြို့၌ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး မကြာမီဖွင့်လှစ် တော့မည်ဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၌ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးကို မတ်လ (၂)ရက်နေ့တွင် ဖွင့်လှစ်တော့မည်ဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံး ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းထံမှ သိရသည်။

ကျိုင်းတောင်းမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လက်တွေ့သရုပ်ပြ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကျိုင်းတောင်းနယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမြင့်သန်းထက်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ တို့မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လက်တွေ့ သရုပ်ပြ အခမ်းအနားကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဦးစီးဌာနရုံး၌ ပြုလုပ်ဆာင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်၌ လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံသင်တန်း)သင်တန်းဆင်းပွဲ ကျင်းပ

စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၁၂) စက်မှုလယ်ယာစခန်း၌ နံနက် ၉ နာရီအချိန်က လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံသင်တန်း)အမှတ်စဉ်(၁/၂၀၂၂)အား သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ်၌ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ဝေါမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနက အားကစား ဖွံ့ဖြိုးတိုးတက်စေရန် ပြည်သူများအားကစားကို စိတ်ဝင်စားလာ၍ ကာယ၊ ဉာဏ၊ စာရိတ္တဘက် စုံဖွံ့ဖြိုးတိုးတက်ပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အမျိုးသား အလွတ်တန်း ဘောလုံး ပြိုင်ပွဲများကို ကျင်ပပေးလျက်ရှိရာ ယမန်နေ့ ညနေပိုင်းက နောင်ပတ္တရာကျေးရွာ၌ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖလားဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ခိုင်လင်းအမျိုးသား ဘောလုံးအသင်းနှင့် ဇင်ကိုအမျိုးသား ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကြရာ ခိုင်လင်း ဘောလုံးအသင်းက ပင်နာတီအဆုံးအဖြတ် (၅-၄)ဂိုးဖြင့် အနိုင်ရရှိ သွားကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်၌ ပြည်သူများ အပန်းဖြေကြည့်ရှုနိုင်ရန် ရေဆေးပန်းချီကား အနုပညာလက်ရာ ဖွင့်ပွဲကျင်းပ

ပြည်သူများ လာရောက်အပန်းဖြေကြည့်ရှုနိုင်ရန် ရေ‌ဆေးပန်းချီကား အနုပညာလက်ရာ ဖွင့်ပွဲကို ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် အမှတ် ၁၅၄ ၊ ပထမထပ် ၃၃ လမ်း အထက်ဘလောက်ရှိ PARADISE စတူဒီယိုခန်းမတွင် ယနေ့နံနက်ပိုင်းက အနုပညာလက်ရာပြပွဲများ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Subscribe to