ကျိုင်းတောင်းမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လက်တွေ့သရုပ်ပြ အခမ်းအနား ကျင်းပ

ကျိုင်းတောင်း ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကျိုင်းတောင်းနယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမြင့်သန်းထက်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ တို့မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လက်တွေ့ သရုပ်ပြ အခမ်းအနားကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဦးစီးဌာနရုံး၌ ပြုလုပ်ဆာင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြအခမ်းအနားတွင် ကျိုင်းတောင်းနယ်မြေ မီးသတ်စခန်းမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးမြင့်သန်းထက်က မီးကိုဂရုစိုက်စွာ အသုံးပြုစေခြင်း၊ မီးငြှိမ်းသတ်နည်း စနစ်များနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့ကို အသိပညာပေး ဟောပြောဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဦးစီးဌာနရှိ ဝန်ထမ်းများအား လက်တွေ့ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံနှင့် မီးငြှိမ်းသတ်နည်းများကို လေ့ကျင့်ဆောင်ရွက် သရုပ်ပြသခဲ့ပြီး မီးဘေးလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများ၊ မီးသတ်ဆေးဘူးများ သတ်မှတ်ထားသည့်အတိုင်း ပြင်ဆင်ထားရှိမှုတို့ကို စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)