မိုင်းဖြတ်မြို့နယ်၌ အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ (အခမဲ့) ဖြန့်ဝေ

မိုင်းဖြတ် ဖေဖော်ဝါရီ  ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သက်ဆိုင်ရာပူးပေါင်းအဖွဲ့က အိုမီခရွန်ရောဂါကြိုတင် ကာကွယ် ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ (အခမဲ့)ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ယာယီပျံကျဈေး၊ မြို့မဈေး တို့တွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 ရှေးဦးစွာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များပူးပေါင်းအဖွဲ့က ယာယီပျံကျဈေးရှိ ဈေးရောင်း၊ ဈေးဝယ် များအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်ရောင်းဝယ်ရေး အသိပညာ ပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နှာခေါင်းစည်များ(အခမဲ့) ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။  

ယင်းနောက် အဆိုပါပူးပေါင်းအဖွဲ့သည် မြို့မဈေးရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ် သွားလာနေကြသူများနှင့် မြို့မဈေးရှိ ဈေးရောင်း၊ ဈေးဝယ်များကို အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများကို (အခမဲ့) ဝေငှပေးခဲ့ရာ နှာခေါင်းစည်း(Mask)ခုရေ စုစုပေါင်း(၅၀၀၀)ခုခန့်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)