ကျောက်တံတားမြို့နယ်၌ ပြည်သူများ အပန်းဖြေကြည့်ရှုနိုင်ရန် ရေဆေးပန်းချီကား အနုပညာလက်ရာ ဖွင့်ပွဲကျင်းပ

ရန်ကုန် ​​ဖေဖော်ဝါရီ ၂၅

ပြည်သူများ လာရောက်အပန်းဖြေကြည့်ရှုနိုင်ရန် ရေ‌ဆေးပန်းချီကား အနုပညာလက်ရာ ဖွင့်ပွဲကို ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် အမှတ် ၁၅၄ ၊ ပထမထပ် ၃၃ လမ်း အထက်ဘလောက်ရှိ PARADISE စတူဒီယိုခန်းမတွင် ယနေ့နံနက်ပိုင်းက အနုပညာလက်ရာပြပွဲများ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 

ယင်းအခမ်းအနားတွင် ပန်းချီပြပွဲ ကျင်းပနိုင်ခြင်း၊ စတူဒီယို ကျင်းပပြုလုပ်နိုင်ခြင်း၊ သီချင်းများ နား‌ထောင်နိုင်ခြင်း၊ ဓာတ်ပုံများရိုက်နိုင်ခြင်း၊ အင်တာနက်လိုင်း အသုံးပြ၍ အနားယူနိုင်ခြင်း၊ ကော်ဖီသောက်လို့ရခြင်း စသည့် အနုပညာ ရပ်ဝန်းတစ်ခုအဖြစ် စီစဉ်ဆောင်ရွက်ထားပြီး ပန်းချီဆရာ ဦး​မောင်ဝင်းလှ၊ ပန်းချီဆရာ ဦးမွန်မြင့်၊ ပန်းချီဆရာ ဦးလှမြင့်၊ ပန်းချီဆရာ ဦးစိုးနိုင်စိုး၊ ပန်းချီဆရာ ခွန်းထွဋ်​ခေါင်၊ ပန်းချီဆရာ​ ဇော်ထူး အပါအဝင် ပန်းချီဆရာ (၆)ဦးတို့က ပန်းချီပြပွဲကို စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ပြပွဲတွင်ရေဆေး ပန်းချီကား ၅၀ ကားကို ၅ ရက်ကြာ ချိတ်ဆွဲပြသမှာဖြစ်ပြီး၊ ကိုဗစ်အလွန်ကာလဖြစ်တဲ့အတွက် ပန်းချီ ဝါသနာရှင်များအား အမြတ်အစွန်းကို အဓိက မထားဘဲ အများစုဝယ်ယူ အားပေးနိုင်မည့် သင့်တင့်သော စျေးနှုန်းဖြင့် ရောင်းချပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပန်းချီပြပွဲကို​​ ဖေ​ဖော်ဝါရီလ ၂၅ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ နေ့စဉ်နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။

​အောင်မြင့်