ပြည်သူများစာပေဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများရရှိပြီး အမှား၊ အမှန် ဝေဖန်ပိုင်းခြား တတ်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်၊ စာငှားပရိတ်သတ်များ စာအုပ် အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီတွင် နယ်လှည့်စာကြည့်တိုက် Mobile Library လုပ်ငန်းအားကွင်းဆင်း ဆောင်ရွက်ခဲ့သည်။