ညောင်လေးပင် ဖေဖော်ဝါရီ ၂၅
စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၁၂) စက်မှုလယ်ယာစခန်း၌ နံနက် ၉ နာရီအချိန်က လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံသင်တန်း)အမှတ်စဉ်(၁/၂၀၂၂)အား သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် အမှတ်(၁၂)စက် မှုလယ်ယာစခန်း ညောင်လေးပင်မြို့မှ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးမင်းဆွေက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းနည်းပြများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်စက် မှုလယ်ယာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးလွင်က ဆုရရှိသော သင်တန်းသားများအား ဆုများနှင့် သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံသင်တန်း)အမှတ်စဉ် (၁/၂၀၂၂)သင်တန်းအား ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစ၍ စာတွေ့လက်တွေ့သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ စိတ်ပါဝင်စားသည့် သင်တန်းသား ၃၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)