ရမ်းဗြဲမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသာစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ် ဦးစီးမှူးရုံးမှ ပြည်သူများ “လူမှုဘဝပြည့်စုံဖို့၊ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ဆောင်ရွက်ခြင်းကို ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ရမ်းဗြဲမြို့၊ အမှတ်(၅)ရပ်ကွက်သို့ သွားရောက်ပြီး အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အခမဲ့ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။