ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်း စကားသံများ

ရန်ကုန်‌ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ၏ ရင်တွင်းစကားသံများကို ဖော်ပြပေးလိုက်ပါသည်။

ရမ်းဗြဲမြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ်အိုမီခရွန် ရောဂါပိုးကူးစက်ပြန့်နှံ့မှုမရှိစေရေး ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသံချဲ့စက်ဖြင့်လှည့်လည်နှိုးဆော်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကူးစက်ပြန့်နှံ့မှုမရှိ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ယမန်နေ့ ညနေပိုင်းအချိန်က ရမ်းဗြဲမြို့ပေါ် ရပ်ကွက်များအတွင်းသို့ အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ပေးခဲ့ကြကြောင်း သိရသည်။

ဖျာပုံမြို့၌ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask များအခမဲ့ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ်များ ထပ်မံတွေ့ရှိနေခြင်းကြောင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွားလမ်းလာ ပြည်သူများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေ​ပေးခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်က ဖျာပုံမြို့ပေါ် ဆိပ်ကမ်းသာစျေးနှင့် လူစည်ကားရာနေရာများ၌ ပြုလုပ်ခဲ့ကြသည်။

နွေစပါးနှင့်အခြားသီးနှံ စံပြကွက် စိုက်ပျိုးမည့်တောင်သူများအား ပံ့ပိုးပစ္စည်းများ ပေးအပ်ခြင်းနှင့် နွေစပါးအထွက်နှုန်း တိုးတက်ရေး နည်းပညာပေးသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ ရှင်ယွန်းစံ ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲ အချိန်က တိုင်းဒေသကြီးအစီအစဉ်ဖြင့် ဆောင်ရွက်မည့် နွေစပါးနှင့် အခြားသီးနှံ စံပြကွက် စိုက်ပျိုးမည့်တောင်သူများအား ပံ့ပိုးပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည် ပြည့်ဝစေရေးအတွက် လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/၂၀၂၂ ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်က သထုံခရိုင် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

ပဲခူးမြို့၌ ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ကျောင်းသား/ကျောင်းသူ (၂၄၉၃)ဦး ဝင်ရောက်ဖြေဆိုမည်

ပဲခူးမြို့တွင် ၂၀၂၂-ခုနှစ်၊ မတ်လ(၃၁)ရက်မှ ဧပြီလ(၉)ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသို့ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၄၉၃)ဦး ဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းထားကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်

ကျောက်တန်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး အတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်း မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီက အနောက်ပိုင်း ရပ်ကွက်တွင် ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ဝန်ထမ်းများ မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်ရေးသရုပ်ပြလေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနောင်၏ လမ်းညွှန်မှုဖြင့် ဟင်္သာတမြို့နယ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ဟင်္သာတမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ဝန်ထမ်းများအား ယနေ့ နံနက် ၁၀ နာရီက မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးဘေးအသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူး အသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြ သည်။

ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂) ကျင်းပ

ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၂)နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်​မြေရိုင်းများ စီမံခန့်ရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၂)ကို ယနေ့နံနက်(၁၀) နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကန်ကြီးထောင့်မြို့၌ တောင်သူလယ်သမား အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ မတ်လ ၂ ရက်နေ့တွင် တောင်သူ လယ်သမားနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၆ နာရီ အချိန်က တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှု စစ်ဆေးခဲ့ပြီး ဝန်ကြီးချူပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
Subscribe to