ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ ကျင်းပ

ဒဂုံဆိပ်ကမ်း ဖေဖော်ဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ''ဆောင်ပုဒ်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ပြည်သူများ လက်ဝယ်အရောက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်၉:၄၅ အချိန်က အမှတ်(၆၀၊၆၁)ရပ်ကွက်၊ဗုဒ္ဓရောင်ခြည်ဓမ္မာရုံတွင် နိုင်ငံသား စိစ်ရေးကတ်ပြား (၃၁၁) ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၈၂၉)စောင်ကို မြို့နယ် လဝကဦးစီးမှူး ဦးအေးကျော်နှင့် ဝန်ထမ်းများမှ ပေးအပ်ပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊အဖွဲ့ဝင် (၁)ဗိုလ်မှူး နေဝင်းအောင်၊အဖွဲ့ဝင်(၂)ဦးလှကြည်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးကံပိုတို့မှ တက်ရောက်ခဲ့ကြပြီးပြည်သူများ လက်ဝယ်အရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ပေးအပ်ခဲ့ကြောင်းသိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၆) ရပ်ကွက်၊ကျေးရွာ (၄)ရွာရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို အလှည့်ကျစနစ်ဖြင့် ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိပြီး ၂၀၂၁ခု နှစ်မေလ ၃ ရက်နေ့မှ ၂၀၂၂ခုနှစ် နိုဝင်ဘာလအထိ (၁၈)လတာ ကွင်းဆင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဖြိုးစန္ဒာကျော်