ဆီဆိုင် ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်)သည် မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် ဝင်ရောက်လာသူများမှ တဆင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ဆီဆိုင်မြို့အဝင်၌ ဖွင့်လှစ်ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းသို့ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်)သည် ဆီဆိုင်မြို့ဝင်၊ မြို့ထွက်ဂိတ်မှ ဝင်ရောက်လာသူများမှတဆင့် ရောဂါကူးစက်မှုကို တားဆီးနိုင်ရန ်အတွက် ဆီဆိုင်မြို့နယ်သစ်တောဦးစီးဌာနရုံးရှေ့ မြို့ဝင်၊ မြို့ထွက် ဂိတ်တွင် ဖွင့်လှစ်ကာ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ လက်သန့်ဆေးရည်ဖြင့်စနစ်တကျ လက်ကိုဆေးကြောပေးခြင်း၊ အပူချိန်တိုင်း ကိရိယာဖြင့် ကိုယ်အပူချိန်များတိုင်းတာစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင် စိစစ်ခြင်းတို့ကို စနစ်တကျ မှတ်တမ်း ကောက်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)