ကျောင်းကုန်းမြို့၌ နှာခေါင်းစည်း mask တပ်ဆင်အသုံးပြုရေး ကြပ်မတ်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့မဈေးအတွင်းရှိ ဈေးဆိုင်များမှဈေးသည် ဈေးဝယ်များ နှာခေါင်းစည်းတပ်ဆင်အသုံးရေးအတွက် ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေး ခဲ့ကြသည်။

အလုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာရောင်းချပေးလျက်ရှိ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေးနှင့် စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယမန်နေ့နံနက် (၇း၀၀)နာရီ အချိန်က အလုံမြို့နယ်၊ စောရန်ပိုင်​တောင်ရပ်ကွက်၊ အလုံခန်းမ ရှေ့တွင် ဆန်၊ ဆီ၊ ကြက်ဥနှင့် အသား၊ ငါးများအား ရောင်းချပေးလျက်ရှိပါကြောင်းသိရသည်။

ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ထိုးနှံ

ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာစေတီတော် ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော်တန်ဆောင်းတွင် ယမန်နေ့နံနက် (၉:၀၀) နာရီ အချိန်တွင် ကိုဗစ်၁၉ရောဂါကာကွယ်ဆေးက ပထမအကြိမ် (COVISHIELD) ကာကွယ်ဆေးထိုးနှံသူစုစုပေါင်း (၈၈)ဦးကိုလည်းကောင်းဒုတိယအကြိမ် ကာကွယ်ဆေး(COVISHIELD )ထိုးနှံ သူစုစုပေါင်း(၂၄၂)ဦးကိုလည်းကောင်း အသီးသီးထိုးနှံပေး ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆေးထိုးနှံရာတွင်အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများ  လူဦးရေစုစုပေါင်း (၃၃၀)ဦးတို့အား အသီးသီးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron(အိုမီခရွမ်)ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် အထူးကြပ်မတ် ဆောင်ရွက်နေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွမ်) ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက အရှိန်အဟုန်မြှင့်၍ အထူးကြပ်မတ် ဆောင်ရွက် နေရာ မြို့ဝင်စစ်ဆေးရေး ဂိတ်တွင် ယနေ့ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ဆောင်ရွက်နေသည်။

ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဆိုင်ရာအသိအညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး နှင့် နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှုပြုလုပ်ခြင်းကို ယနေ့ နံနက်က လူစည်ကားစုဝေးရာ (ရွာလွတ် ဆေးတံအဝိုင်း၊ ကညှော်ဟင်္သာအဝိုင်း၊ သက္ကောလမ်းဆုံ၊ CBZ ဘဏ်ရှေ့၊ မြို့အဝင်တံ တားထိပ်) နေရာတို့၌ ပြုလုပ်ဆောင်ရွက်သည်။

ဂွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covaxin နှင့် Sinopharm ကာကွယ်ဆေးများ ထိုးနှံပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin) ပထမ အကြိမ်နှင့် (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးမှုကို ယမန်နေ့နံနက်ပိုင်းက ဆေးထိုးစုရပ် ၃ခုလုံးဖြစ်သည့် သာသနာ့ဗိမ္မာန်၊ ပိန္နဲကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ကျိန္တလီထွေ/ အုပ်ခန်းမတို့တွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လှည့်လည် နှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လှည့်လည် နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ နှိုးဆော် ခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမရှိစေရန်နှင့် လျော့ကျစေရန်ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီ အချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်(Covishield) ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို မိုးနဲမြို့ မြို့နယ်ကမ္ဘောဇခန်းမစုရပ်၌ ယနေ့မွန်းလွဲ ၁ နာရီ အချိန်က ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to