ကျွန်းစု ဖေဖော်ဝါရီ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ (Version 7) ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ သံသယရှိသူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရေးနှင့် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူး ဒေါက်တာရဲမင်းဦးက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာများ၊ ကိုဗစ် - ၁၉ ဓာတ်ခွဲ အတည်ပြုလူနာများအား ဆေးရုံဆင်း ခွင့်ပြုရန် သတ်မှတ်ချက်များ (Version 7)၊ နေအိမ်၌ (Home Isolation) ခွင့်ပြုရန် သတ်မှတ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)