ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် အသက်(၁၂)နှစ်အထက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ မြို့နယ်အုပ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်က အမှာစကားပြောကြားရာတွင် ဆိပ်ကြီးခနောင်တို မြို့နယ် အတွင်းရှိ အသက်(၁၂)နှစ်အထက် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် မြို့နယ်ပညာရေး ဌာနအနေဖြင့် ကာကွယ်ဆေးများလေလွင့်မှုမရှိစေရေး တိကျသည့်ကျောင်းသား၊ ကျောင်းသူစာရင်းများ အချိန်နှင့်တပြေးညီပေးနှံနိုင်ရေးနှင့် ကာကွယ်ဆေး ထိုးနှံသည့် ရက်များတွင် မြို့နယ်ပညာရေးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးမှူးများကလည်း မိမိတို့ရပ်ကွက်အလိုက် ကျောင်းသားမိဘများကို ကာကွယ်ဆေးထိုးနှံမည်ဖြစ်ကြောင်းကို ကြိုတင်အသိပေးထားရန် လိုအပ်ကြောင်း၊ အခြေခံကျောင်းများ ဖွင့်လှစ်ချိန်တွင် ကျောင်းသားအားလုံး ကာကွယ်ဆေးထိုးပြီးရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီ၊ အရန်မီးသတ်၊ ကြက်ခြေနီနှင့် ပညာရေးဌာနရှိ ဆရာ၊ ဆရာမများက ကြီးကြပ်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝေယံ