ဝါးခယ်မ အောက်တိုဘာ ၁
ဧရာ၀တီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင် ၊ ဝါးခယ်မမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာဘိုးဘွားများနေ့ အထိမ်းအမှတ်အဖြစ် လှူဒါန်းမှု များကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်(၁၁)နာရီက"ဒေါ်ပိုက်မိ" ဘိုးဘွားရိပ်သာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မင်းထွဋ်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်စန္ဒာနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လှူဒါန်းမှုဖြင့်ရိပ်သာရှိ အဘိုး(၂)ဦး၊ အဘွား(၁၂)ဦး၊ စုစုပေါင်း(၂၄) ဦးအား (၁)ဦးလျှင် ငွေ(၂၀၀၀၀) ကျပ်နှုန်းဖြင့် ငွေ(၂၈၀၀၀၀)ကျပ်၊ ဘိုးဘွားရိပ်သာသို့ ဆန်(၅) အိတ်၊ စားသုံးဆီ (၁၄)ပိဿာ၊ တန်ဖိုး (၅၇၉၁၃၃)ကျပ် လှူဒါန်းခဲ့ကြောင်းသိရသည်။
အလားတူ ကနစိုးကုန်းကျေးရွာ "မာသာရ်ထရီဇာ" ဘိုးဘွားရိပ်သာရှိ အဘိုး(၁၄)ဦး၊ အဘွား(၆)ဦး၊ စုစုပေါင်း (၂၀)ဦးအား (၁)ဦးလျှင် ငွေ(၂၀၀၀၀)ကျပ်နှုန်းဖြင့် ငွေ(၄၀၀၀၀၀)ကျပ်၊ ဘိုးဘွားရိပ်သာသို့ ဆန်(၇)အိတ်၊ စားသုံးဆီ(၂၀)ပိဿာ၊ တန်ဖိုး(၈၂၇၃၃၃)ကျပ်အား လှူဒါန်းခဲ့ရာ စုစုပေါင်းလှူဒါန်းမှုမှာ ငွေ(၁၄၀၆၄၆၆) ကျပ်ဖြစ်ကြောင်း သိရသည်။
စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)