တနင်္သာရီ အောက်တိုဘာလ ၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရပ်ကွက်/ကျေးရွာများ၌ ၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၁ရက်မှ၁၃ရက်)အထိ သတ်မှတ်ကာလအတွင်း ကိုဗစ်-၁၉ရောဂါပိုး အတည်ပြုတွေ့ရှိပြီး မြို့နယ်အတွင်းမှ Community Positive Centre နှင့် Treatment Centre များတွင် အသွားအလာကန့်သတ်၍ ဆေးဝါးကုသမှုခံယူကြသော ကိုယ်ဝန်ဆောင်များ၊ အသက် (၅)နှစ်အောက် ကလေးငယ်များနှင့် အသက်(၆၀)နှစ်အထက် ထိရှလွယ်အသက်ကြီးရင့်သူများ၊မသန်စွမ်းသူများ စသဖြင့် ထိခိုက်ရှလွယ်အုပ်စုများအတွက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန မြိတ်ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ တစ်ဦးလျှင်ထောက်ပံ့ငွေ(၃၀၀၀၀)ကျပ် စီအား အုပ်ချုပ်ရေးမှူးများ၊ရာအိမ်မှူး၊ဆယ်အိမ်မှူးများအဖွဲ့မှ ယမန်နေ့က အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ယင်းသို့ ၂၀၂၁ခုနှစ်၊ဩဂုတ်လ(၁ရက်မှ၁၃ရက်)အတွင်း ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိပြီး သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီသည့် မြို့နယ်အတွင်းရပ်ကွက်/ကျေးရွာအသီးသီးမှ ကိုယ်ဝန်ဆောင်(၃)ဦး၊ အသက်(၅)နှစ်အောက်ကလေးငယ်(၅)ဦးနှင့် အသက်(၆၀)နှစ်
အထက်ထိရှလွယ်အသက်ကြီးရင့်သူ(၃၂)ဦး..ပေါင်း(၄၀)ဦးအား တစ်ဦးလျှင်(၃၀၀၀၀)ကျပ်စီဖြင့် ထောက်ပံ့ငွေကျပ်စုစုပေါင်း (၁၂)သိန်းကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ချုပ်ရေးမှူးများမှတစ်ဆင့် လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က သိရှိရ သည်။
ထိန်ဝင်း(ပြန်ဆက်)