မြို့သစ် အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့ ၊ ကွက်သစ်ရပ်ကွက် ရွှေအင်ကြင်းလမ်း ကတ္တရာခင်းခြင်း လုပ်ငန်းကို သြဂုတ်လ ပထမအပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ် ကြောင်း မြို့နယ်စည်ပင်သာယာရေးရုံးမှ သိရသည်။
“ကျွန်တော်တို့ ရွှေအင်ကြင်းလမ်းမှာ ယခင်နှစ် မိုးရာသီမိုးရွာပြီးတိုင်း လမ်းမပေါ်မှာ ရေဝပ် ပြီးဗွက်တွေဖြစ်နေလို့ အသွားအလာခက်ခဲခဲ့ပါတယ်၊ ယခုလိုကတ္တရာလမ်းလေးနဲ့ သွားရလာရတာ အဆင်ပြေလို့ စိတ်ချမ်းမြေ့ပါတယ်၊ ကျေးဇူးလည်းအထူးတင်ပါတယ်ဟု” ရွှေအင်ကြင်းလမ်းနေသူ တစ်ဦးက ပြောသည်။
အဆိုပါ ရွှေအင်ကြင်းလမ်း( ၁၁၈၀ပေ × ၁၂ ပေ × ၉ လက္မ ) ရှိကတ္တရာ ခင်းခြင်းကို ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း (၂၂.၃၀ ) ဖြင့် မိုးမခသဇင်ကုမ္ပဏီလီမိတက်မှ တာဝန်ခံအင်ဂျင်နီယာ ဦးမင်းဌေးမှ တာဝန်ယူဆောင်ရွက်ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)