ပင်လောင်း အောက်တိုဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ယနေ့ စစ်ဆေးချက်များအရ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာအသစ် (၁၉) ဦး တွေ့ရှိ ကြောင်း သိရသည်။
ယနေ့ ပိုးတွေ့လူနာသစ်များမှာ RDT Test kit ဖြင့် စစ်ဆေးမှုတွင် ၁၄ ဦးနှင့် PCR နည်းဖြင့် စစ်ဆေးမှုတွင် ၄ ဦး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် ပင်လောင်းမြို့နယ် အတွင်း၌ ၂၀၂၁ ခုနှစ်ဇွန်လ ၃၀ ရက်နေ့မှ စတင်ကူးစက်ပျံ့ပွားလာပြီး ယနေ့အထိ ပိုးတွေ့ လူနာပေါင်း ၁၄၄၅ ဦး ရှိပြီး မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံလေးရုံတို့တွင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှု ကုသရေးစင်တာများ သီးသန့်ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက် ကုသမှုများပေးခဲ့ရာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ စုစုပေါင်း ၁၃၀၃ ဦး ရှိကြောင်း၊ သေဆုံးလူနာ ၁၅ ဦးရှိပြီး၊ ဆေးရုံတက်ရောက်ကုသဆဲ လူနာ ၁၂၇ ဦး သာ ကျန်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ထွန်းလင်း (ပင်လောင်း)