ပခုက္ကူမြို့နယ်တွင် အသက်(၂)လမှ (၁၈)လအတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

ပခုက္ကူ   အောက်တိုဘာလ 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ အသက်()လမှ (၁၈)လအတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန် က ပခုက္ကူမြို့၊ ဒေသန္တရကျန်းမာရေးဌာနခွဲ()နှင့်() တို့တွင် စတင်ပြုလုပ် ဆောင်ရွက်ကြသည်။

ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အသက်()လမှ (၁၈)အတွင်း ကလေးငယ်(၂၇၅)ဦးအား ဘီစီဂျီ၊ ပိုလီယို၊ ဝက်သက်-ဂျိုက်သိုး၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)နှင့် ဦးနှောက်အမြှေးရောင်ရောဂါများ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင် (၁၄)ဦးအား မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးပြီး ကိုယ်ဝန်ဆောင်ချိန်တွင် ကျန်မာရေးနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ရန်နှင့် ရောဂါလက္ခဏာတစ်ခုခုဖြစ်ပေါ်လာပါက ဆေးရုံ/ဆေးခန်းတွင် အမြန်ဆုံးသွားရောက်ပြသရန် လိုအပ်ကြောင်းတို့ကို အသိပညာပေး ဆောင်ရွက်ကြသည်။

ပခုက္ကူမြို့နယ်တွင် အသက်နှစ်လမှ (၁၈)လအတွင်း ကလေးငယ် (၈၀၀၀)ဦးကျော်နှင့် ကိုယ်ဝန်ဆောင်မိခင် (၄၆၂၈)ဦးရှိပြီး ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများကို အောက်တိုဘာလ ၁ရက်မှ ၁၀ရက်အထိ နေ့စဉ်နံနက် ၈နာရီမှ နေ့လယ် ၁၂နာရီအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဆလိုင်းကိုကီး