ဂွ အောက်တိုဘာ ၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ရှိလူမှုကူညီရေးအသင်းအဖွဲ့များအား ကိုဗစ်ကာကွယ်ရေးအထောက်အကူပြုပစ္စည်း များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နေလယ် ၁၁နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များကမြို့ပေါ်ရပ်ကွက်များ အတွင်းရှိလူမှုရေး အသင်းအဖွဲ့(၄)ဖွဲ့အားအသင်းအဖွဲ့တစ်ဖွဲ့လျှင်Maskအခု(၁၀၀၀)၊ လက်အိတ်အခု(၁၀၀)ပါနှစ်ဘူး၊ လက်သန့်ဆေးရည်(၄)ဘူး၊ ခေါင်းစွပ်အခု(၁၀၀)၊Half PPE(၅၀)စုံစီတို့ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။