နမ့်စန်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး သေဆုံးပြီး ကိုဗစ်-၁၉ လူနာအသစ် ၁၆ ဦး စစ်ဆေးတွေ့ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ် ၊ အမှတ်(၄)ရပ်ကွက်မှ အသက် ၇၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးသည် အသက်ရှူကြပ်ကာ ကျန်းမာရေးမကောင်းသဖြင့် ယမန်နေ့ည ၁၀နာရီချိန်ခန့်တွင် မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ၍ ကုသမှုခံယူလျက် ရှိရာမှ ယနေ့နံနက် ၄နာရီခွဲအချိန်ခန့်တွင် သေဆုံးသွားခဲ့ရာ မြို့နယ်မှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ စည်းကမ်းများနှင့်အညီ နေ့ချင်းမီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ပြည်ကြီးမဏ္ဍိုင်မြို့တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက်အသက်(၁၈)နှစ်ပြည့်ပြီးသူအားလုံးကိုကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကိုယနေ့နံနက်၉နာရီခွဲကပြည်သူ့ကျန်းမာရေးစင်တာတွင်တိုက်နယ်ဆရာဝန်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့များ၊စေတနာဝန်ထမ်းများ ဌာနဆိုင်ရာများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးရသေးသည့် ပြည်သူများအား စတုတ္ထအသုတ် ကာကွယ်ဆေး(ပထမနေ့) ထပ်မံထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသည့် ပြည်သူများအား ၂-၁၀-၂၀၂၁ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်မှ စတင်၍ ပင်လုံမြို့ အထက(၁) ကျောင်း၌ ကိုဗစ်-၁၉ရောဂါ စတုတ္ထအသုတ် ကာကွယ်ဆေး (ပထမနေ့) ထပ်မံထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ခန္တီးမြို့နယ်၊ ကင်းတော်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ကင်းတော်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က ကင်းတော်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင် စကုမြို့ Quarantine Centre နှင့် Treatment Centre များတွင် ဆေးကုသမှု ခံယူနေသော ထိခိုက်လွယ်အုပ်စုများအား ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ကန်ဦးဓမ္မရိပ်သာ၌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မကွေးတိုင်းဒေသကြီးမှ ယနေ့နံနက် ၁၀ နာရီ အချိန်က ထိခိုက်လွယ် အုပ်စုများဖြစ်သော အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အိုများနှင့် အသက် ၅ နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့တွင် Oxygen စက်ရုံဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် Oxygen စက်ရုံ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉) နာရီအချိန်က အစီအစဉ်နှစ်ရပ်ဖြင့် ကြံခင်းမြို့ လမ်းမတော်လမ်း မြို့ဦးရပ်ရှိ အောက်ဆီဂျင် စက်ရုံဝန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ရန် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်ထွန်း လိုက်ပါ၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီမှူး ဦးသိန်းမောင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များက အမှတ်(၂)ရပ်ကွက်ရှိ ရန်ကင်းစင်တာ၌ အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရန် ကွင်းဆင်းစာရင်း ကောက်ယူခဲ့​ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်၌ မသန်စွမ်းသူများဆိုင်ရာ သိကောင်းစရာ အသိပညာပေး Talk Show ဆွေနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က မသန်စွမ်းသူများ ဆိုင်ရာ သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပပြု လုပ်ခဲ့သည်။

တောင်ကုတ်မြို့နယ်၌ ဦးတည်အုပ်စုများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံ

ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ စူပါမားကက်/စျေးဆိုင်ဝန်ထမ်းများအား ဒုတိအသုတ် ပထမအ​ကြိမ်အဖြစ် ယနေ့ နံနက်၈ နာရီ ၃၀ အချိန်မှ ၁၂ နာရီအချိန်ထိ ၎င်းနေ့လည်၁ နာရီအချိန်မှ ညနေ ၄ နာရီ အချိန်ထိ တောင်ကုတ်မြို့နယ် ခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရရှိသည်။

ငဖဲမြို့နယ် သီပေါ်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသူများနှင့်အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်လိုသူများကိုပန်းခင်းစီမံချက်ဖြင့်အခမဲ့ဝန်ဆောင်မှုပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာယနေ့ နံနက် ၁၀နာရီက ပန်းထိမ်းကျေးရွာ အုပ်စု သီပေါ်ကျေးရွာသို့သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ပြု လုပ်ဆောင်ရွက်ပေးခဲ့သည်။
Subscribe to