ခန္တီးမြို့နယ်၊ ကင်းတော်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်

ခန္တီး အောက်တိုဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ကင်းတော်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က ကင်းတော်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ဗျူဟာအခြေချ (ခန္တီး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သက်ထူးစံက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုအောင်က အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦး က နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီဇိုင်း(ရတနာမြေ)