တောင်ကုတ်မြို့နယ်၌ ဦးတည်အုပ်စုများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံ

တောင်ကုတ် အောက်တိုဘာ ၂

ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ စူပါမားကက်/စျေးဆိုင်ဝန်ထမ်းများအား ဒုတိအသုတ် ပထမအ​ကြိမ်အဖြစ် ယနေ့ နံနက်၈ နာရီ ၃၀ အချိန်မှ ၁၂ နာရီအချိန်ထိ ၎င်းနေ့လည်၁ နာရီအချိန်မှ ညနေ ၄ နာရီ အချိန်ထိ တောင်ကုတ်မြို့နယ် ခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရရှိသည်။

ထိုသို့ ဒုတိယအသုတ် ပထမအကြိမ် ထိုးနှံပေးမည့် ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဆေးဖြစ်ပြီး ပထမအကြိမ်တွင် ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများမှ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာများ၊ သီလရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ Volunteer/ပရဟိတများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေး ယာဉ်မောင်းယာဉ် နောက်လိုက်များ၊ အကျဉ်းကျအချုပ်သားများ၊ စူပါမားကက်/ စျေးဆိုင်ဝန်ထမ်းများ စသော ဦးတည်အုပ်စုအား ထိုးနှံနိုင်ခဲ့ပြီး ဒုတိယအသုတ် ပထမအကြိမ်၌ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ မြို့ပေါ်ရပ်ကွက်များမှ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ ၊ ရဟန်းသံဃာတော်များ သီလရှင်များ၊ ပညာရေးဝန်ထမ်းများအား ဒုတိယအသုတ် ပထမအကြိမ် ပထမ​နေ့အ​ဖြစ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စန်းဝင်း